ထွက်မြောက် 14:11 - Common Language Bible11 သူတို့ကမောရှေအား``အီဂျစ်ပြည်တွင် သင်္ချိုင်း မရှိသောကြောင့် တောကန္တာရထဲ၌သေစေ ရန်အကျွန်ုပ်တို့ကိုခေါ်ဆောင်ခဲ့ပါသလော။ အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သောကြောင့် ယခုမည်ကဲ့သို့သောအခြေ အနေမျိုးသို့ဆိုက်ရောက်ကာနေသည်ကို ကြည့်ပါလော့။- အခန်းကိုကြည့်ပါ။Garrad Bible11 အိ ဂျစ် ပြည် တွင် သင်္ချိုင်း မ ရှိ သော ကြောင့် တော၌ သေ စေ ရန် ငါ တို့ ကို ဆောင် ခဲ့ သ လော။ အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ မည် သို့ ပြု ဘိ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible11 မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 မောရှေကိုလည်း “အီဂျစ်ပြည်၌ သင်္ချိုင်းမရှိသောကြောင့် တောကန္တာရထဲ၌သေစေရန် ငါတို့ကိုခေါ်ဆောင်လာခဲ့သလော။ ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ ငါတို့ကို အီဂျစ်ပြည်ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်ခဲ့သနည်း။ အခန်းကိုကြည့်ပါ။ |
အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-