ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊-
ထွက်မြောက် 15:15 - Common Language Bible ဧဒုံပြည်ခေါင်းဆောင်တို့လည်းတုန်လှုပ် ချောက်ချားကြ၏။ မောဘပြည်အကြီးအကဲတို့ကြောက်လန့် ကြ၏။ ခါနာန်ပြည်သားအပေါင်းတို့သည်စိတ်ပျက် အားလျော့ကြ၏။ Garrad Bible ထို အ ခါ ဧ ဒုံ လူ မျိုး အ ကြီး အ ကဲ တို့ ထိတ် လန့်၍ မော ဘ ဗိုလ် မှူး တို့ တုန် လှုပ် လျက် ခါ နာန် ပြည် သား အ ပေါင်း တို့ ပျက် ပြား ကြ ၏။ Judson Bible ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။ |
ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊-
ကောရ၊ ဂါတံ၊ အာမလက်တို့၏ဘိုးဘေးဖြစ် ၏။ ဤသူတို့သည်ဧသော၏မယားအာဒ၏ အဆက်အနွယ်များဖြစ်ကြ၏။
ဧသောမှဆင်းသက်သောဧဒုံအနွယ်များမှာ တိမနာ၊ အာလဝ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊ ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂ ဒျေလနှင့်ဣရံတို့ဖြစ်ကြသည်။ ဤဧဒုံ အနွယ်တို့သည်သူတို့၏နာမည်ဖြင့်ခေါ် တွင်သောဒေသအသီးသီးတို့တွင်နေ ထိုင်ကြလေသည်။
ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။
လူအပေါင်းတို့၏လက်သည်နုံ့နဲ့၍နေလိမ့် မည်။ ထိုသူတို့သည်သတ္တိကြောင်၍နေလိမ့် မည်။-
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။
နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊-
ထိုသတင်းများကိုကြားလျှင်ကြားချင်း ကျွန်မတို့ကြောက်လန့်ကြပါ၏။ သင်တို့ ကြောင့်ကျွန်မတို့စိတ်ပျက်အားလျော့ကြ ပါ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်မိုးမြေကိုပိုင်သအုပ်စိုး သောဘုရားဖြစ်တော်မူ၏။-
ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။
``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-