သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
ထွက်မြောက် 15:13 - Common Language Bible ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။ Garrad Bible ရွေး နုတ် တော် မူ ခဲ့ သော လူ မျိုး ကို က ရု ဏာ တော် နှင့် လမ်း ပြ တော် မူ၍ သန့် ရှင်း သော စံ ရာ တော် သို့ တန် ခိုး တော် အား ဖြင့် ပို့ ဆောင် တော် မူ သော်၊ Judson Bible ရွေးတော်မူသောလူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသောနေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ရွေးနုတ်တော်မူသောလူမျိုးကို မေတ္တာကရုဏာတော်ဖြင့် ပို့ဆောင်တော်မူ၍ ကိုယ်တော်၏သန့်ရှင်းသောစံမြန်းရာအရပ်သို့ အစွမ်းတန်ခိုးတော်ဖြင့် လမ်းပြတော်မူ၏။ |
သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
ထိုနောက်မင်းကြီးသည်ဇာဒုတ်အား``ပဋိ ညာဉ်သေတ္တာတော်ကိုမြို့တွင်းသို့ပြန်၍ပင့် ဆောင်သွားလော့။ ထာဝရဘုရားသည်ငါ့ အားနှစ်သက်တော်မူလျှင် တစ်နေ့နေ့၌ထို သေတ္တာတော်ကိုလည်းကောင်း၊ သေတ္တာတော် ကျိန်းဝပ်ရာအရပ်ကိုလည်းကောင်း ကြည့်ရှုခွင့်ပေးတော်မူလိမ့်မည်။-
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသော ကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည် မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။ အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့် ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသော ကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်သူတို့ကိုခေါ်ဆောင်၍ ကိုယ်တော်စံတော်မူရန်ရွေးချယ်သော၊တောင် ပေါ်တွင် နေရာချတော်မူလိမ့်မည်။ ကိုယ်တော်တိုင်တည်ဆောက်သောဗိမာန်တော်တွင် နေစေတော်မူလိမ့်မည်။
ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊ လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
သို့ရာတွင်ဘုရားသခင်၏ကရုဏာတော်သည် အလွန်ကြွယ်ဝ၍ မေတ္တာတော်သည်အလွန် ကြီးမားလှသဖြင့်ကိုယ်တော်သည်၊-
သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။