ဆာလံ 74:2 - Common Language Bible2 ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible2 ရှေး ကာ လ က၊ ပိုင် တော် မူ ရာ လူ မျိုး အ ဖြစ်၊ ဝယ် ထား ရွေး နုတ် သော ပ ရိ သတ် တော် ကို လည်း ကောင်း၊ ကိန်း ဝပ် ခဲ့ ဖူး သော ဇိ အုန် တောင် တော် ကို လည်း ကောင်း၊ သ တိ ရ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible2 ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' ``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' ``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ သူတို့သည်ထာဝရဘုရားအား မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။