ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ထွက်မြောက် 12:42 - Common Language Bible ထိုနေ့ညသည်ထာဝရဘုရားကသူတို့ ကိုအီဂျစ်ပြည်မှထုတ်ဆောင်ရန်စောင့်ကြပ် ကြည့်ရှုသောညဖြစ်၏။ သို့ဖြစ်၍ဣသရေလ အမျိုးအစဉ်အဆက်တို့သည် ထိုညကို ထာဝရဘုရားထုတ်ဆောင်တော်မူရာည အထိမ်းအမှတ်ပွဲတော်အဖြစ်နှစ်စဉ် ကျင်းပကြလေသည်။ Garrad Bible အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ သည့် အ တွက် ထို ညဉ့် သည် ထာ ဝ ရ ဘု ရား ကို ရည် မှတ်၍ စောင့် ရ သော ညဉ့် ဣ သ ရေ လ အ မျိုး သား တို့ အ စဉ် အ ဆက် မ ပြတ် ထာ ဝ ရ ဘု ရား ကို ရည် မှတ်၍ စောင့် ရ သော ညဉ့် ဖြစ် သ တည်း။ Judson Bible အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညကို အထူးသဖြင့် ထာဝရဘုရား၌စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ် စောင့်ရသော ထာဝရဘုရား၏ညကား၊ ဤသည်ညပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုညသည် အီဂျစ်ပြည်မှ သူတို့ကိုထုတ်ဆောင်ရန် ထာဝရဘုရားစောင့်စားခဲ့သောညဖြစ်၏။ ထိုညသည် အစ္စရေးအမျိုးသားအပေါင်းတို့ မျိုးဆက်အစဉ်အဆက်ထာဝရဘုရားအဖို့ စောင့်ထိန်းရသောညဖြစ်၏။ |
ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။