သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
ထွက်မြောက် 12:29 - Common Language Bible သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။- Garrad Bible သန်း ခေါင် အ ချိန် ကျ သော် ထာ ဝ ရ ဘု ရား သည် နန်း စံ သော ဖာ ရော မင်း၏ သား ဦး မှ စ၍ နှောင် အိမ် တွင်း၌ အ ကျဉ်း ခံ ရ သူ ၏ သား ဦး တိုင် အောင် တိ ရ စ္ဆာန် များ၏ သား ဦး များ ပါ အိ ဂျစ် ပြည်၌ သား ဦး ဟူ သ မျှ ကို ဒဏ် ခတ် တော် မူ ၏။ Judson Bible သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သောဖာရောဘုရင်၏သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှကိုလည်းကောင်း ဒဏ်ခတ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။ |
သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။ ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။ သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။
ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူ၏။
ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။-
``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
ဘုရားသခင်သည်ပြည်ရှင်မင်းတို့အား အကျဉ်းသမားများသဖွယ် တွင်းတစ်ခုတွင် ပြွတ်သိပ်၍ချုပ်နှောင်ထားတော်မူလိမ့်မည်။ အပြစ်ဒဏ်ခံရကြမည့်အချိန်မရောက် မချင်း သူတို့အားကိုယ်တော်သည်အကျဉ်း ချ၍ထားတော်မူလိမ့်မည်။-
အို ငါ၏လူမျိုးတော်၊သင်တို့ကိုအမျက်ထွက်သော သူတို့သည်အသရေပျက်၍အရှက်ကွဲကြ လိမ့်မည်။ သင်တို့အားတိုက်ခိုက်သူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။
အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။ လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊ မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။
ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။
ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
ငါသည်အီဂျစ်ပြည်တွင်သားဦးအပေါင်း တို့ကိုသေဒဏ်ခတ်ခဲ့စဉ်က ဣသရေလ အမျိုးသားတို့၏သားဦးများနှင့်တိရစ္ဆာန် သားဦးပေါက်များကို ငါပိုင်ဆိုင်ရာအဖြစ် သီးသန့်ရွေးချယ်ခဲ့၏။-
ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-