ယေရမိ 38:6 - Common Language Bible6 ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ထို သူ တို့ သည် ယေ ရ မိ ကို ဆွဲ ငင်၍ နှောင် အိမ် မြို့ ရိုး ငယ် အ တွင်း ရှိ၊ မင်း သား မာ လ ခိ ၏ ရေ တွင်း ထဲ သို့ ကြိုး ဖြင့် လျှော့ ချ ကြ ၏။ ထို တွင်း ကား၊ ရေ မ ရှိ၊ ရွှံ့ နွံ သာ ရှိ သ ဖြင့် ယေ ရ မိ ကျွံ လျက် နေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအခါ ယေရမိကိုယူ၍၊ ထောင်ဝင်းထဲမှာရှိသော သားတော်မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချကြ၏။ ထိုမြေတွင်း၌ ရေမရှိ၊ ရွှံ့သာရှိ၍၊ ယေရမိသည် ရွှံ့၌ကျွံလျက်နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။