ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ထွက်မြောက် 11:3 - Common Language Bible အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုး သားတို့အား ရိုသေလေးစားစေရန်ထာဝရ ဘုရားပြုပြင်တော်မူ၏။ စင်စစ်အားဖြင့် ဘုရင်၏မှူးမတ်ပြည်သူတို့ကမောရှေ အားအလွန်ကြီးမြတ်သောပ္ဂိုလ်ဖြစ်သည် ဟုခံယူထားကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး ကို အိ ဂျစ် လူ တို့ ထံ မျက် နှာ သာ ရ စေ တော် မူ၏။ မော ရှေ လည်း အိ ဂျစ် ပြည် တွင် ဖာ ရော မင်း ၏ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ ရှေ့ အ သ ရေ ကြီး မြင့် လေ ၏။ Judson Bible သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ကျွန်များ၊ လူများရှေ့၌ ကြီးစွာသောအသရေရှိလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏မျက်မှောက်တွင် မျက်နှာရစေတော်မူ၏။ မောရှေသည်လည်း အီဂျစ်ပြည်တွင် ဖာရောမင်းကြီး၏အမှုထမ်းတို့နှင့် အီဂျစ်လူမျိုးတို့မျက်မှောက်၌ ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်လေ၏။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
ယခုအခါမော်ဒကဲသည်နန်းတော်တွင် တန်ခိုးကြီးသူတစ်ဦးဖြစ်ကြောင်း၊ သူ ၏တန်ခိုးအာဏာသည်တစ်နေ့တစ်ခြား တိုးတက်လာကြောင်းအင်ပါယာနိုင်ငံ တော်တွင်ကျော်ကြားလျက်ရှိသဖြင့်၊-
သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
မောရှေမှာကြားထားသည့်အတိုင်းဣသ ရေလအမျိုးသားတို့သည် အီဂျစ်ပြည် သားတို့ထံမှရွှေထည်၊ ငွေထည်၊ အဝတ် အထည်များကိုတောင်းယူကြ၏။-
အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။
``အီဂျစ်အမျိုးသားတို့ကငါ၏လူမျိုး တော်အား စေတနာမေတ္တာရှိလာစေရန်ငါ ပြုမည်ဖြစ်သောကြောင့်၊ သင်တို့ထိုပြည်မှ ထွက်ခွာရသောအခါလက်ချည်းသက် သက်မထွက်ခွာရ။-
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။''
ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-
ထာဝရဘုရား၏စေလွှတ်ချက်အရမောရှေ သည် အီဂျစ်ပြည်ဘုရင်၊ မှူးမတ်များနှင့်ပြည်သူ အပေါင်းတို့ရှေ့တွင် အခြားမည်သည့်ပရောဖက် မျှမပြဘူးသောအံ့သြဖွယ်ရာများနှင့် နိမိတ် လက္ခဏာများကိုပြခဲ့လေသည်။-
ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-