ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
ထွက်မြောက် 10:28 - Common Language Bible ဘုရင်ကမောရှေအား``ငါ့ထံမှထွက်သွား လော့။ သင့်မျက်နှာကိုငါနောက်တစ်ဖန်မတွေ့ လို။ အကယ်၍တွေ့ခဲ့လျှင်သင်သေရမည်'' ဟုဆိုလေ၏။ Garrad Bible ထို လူ မျိုး ကို မ လွှတ် လို ဘဲ ငါ့ ထံ မှ ထွက် သွား လော့။ သင် သ တိ ထား၊ ငါ့ မျက် နှာ ကို မြင် သော နေ့၌ သေ ရ မည် ဖြစ်၍ နောက် တစ် ဖန် ငါ့ မျက် နှာ ကို မ ကြည့် မ မြင် နှင့် ဟု မော ရှေ အား မိန့် ဆို လျှင်၊ Judson Bible မောရှေကိုလည်း၊ ငါ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဖာရောမင်းကြီးက မောရှေအား “ငါ့ထံမှထွက်သွားလော့။ ငါ့ရှေ့သို့ နောက်ထပ်မဝင်မိစေရန် သတိပြုလော့။ အကယ်စင်စစ် ငါ့မျက်နှာကိုသင်မြင်သောနေ့၌ သင်သေရလိမ့်မည်”ဟု ဆိုလေ၏။ |
ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
သင်တို့၏အလိုပြည့်မည်ဆိုလျှင်အမျိုး သားများသာသွား၍ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြစေ'' ဟုမိန့်တော်မူ၏။ ထိုနောက်အထံတော်မှသူတို့ကိုနှင်ထုတ် လေ၏။
တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-)
ဗေသလမြို့သို့နောက်တစ်ဖန်လာ၍မဟော လေနှင့်၊ ဤနေရာသည်ဘုရင်မင်းကိုယ်တော် တိုင်ကိုးကွယ်ဝတ်ပြုရာ အမျိုးသားဗိမာန် တော်ဖြစ်သည်'' ဟုဆိုလိုက်၏။
မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။-