၂ ရာချုပ် 16:10 - Common Language Bible10 ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို သို့ သော စ ကား ကြောင့်၊ အာ သ မင်း သည် ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ အ မြော် အ မြင် ဆ ရာ ကို နှောင် အိမ် တွင် သွင်း ထား လေ၏။ ထို ကာ လ ပြည် သူ ပြည် သား အ ချို့ တို့ ကို လည်း ညှဉ်း ပန်း လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက်ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။ အခန်းကိုကြည့်ပါ။ |
သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
ထိုမြို့မှလူတို့အားခေါ်ဆောင်ကာ လွှ၊ ပေါက် တူး၊ ပုဆိန်တို့ဖြင့်လုပ်ကိုင်ရသောအလုပ် ကြမ်းကိုလည်းကောင်း၊ အုတ်ဖုတ်သောအလုပ် ကိုလည်းကောင်းလုပ်စေတော်မူ၏။ မင်းကြီး သည်အမ္မုန်ပြည်၏အခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်လုပ်ကိုင်စေ တော်မူ၏။ ထိုနောက်သူနှင့်သူ၏လူတို့ သည်ယေရုရှလင်မြို့သို့ပြန်သွားကြ၏။