ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ထွက်မြောက် 10:17 - Common Language Bible ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။- Garrad Bible သို့ ဖြစ်၍ ငါ့ အ ပြစ် ကို ယ ခု တစ် ကြိမ် မျှ ချမ်း သာ ပေး ပါ။ ဤ သေ ဘေး ကို သာ ငါ့ ထံ မှ ပယ် ရှား ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ လော့ ဟု မိန့် ဆို လေ သော်၊ Judson Bible သို့ဖြစ်၍ သည်တစ်ခါ ငါ့အပြစ်ကိုသည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတစ်ခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟုဆိုသည်ရှိသော်၊ မြန်မာ့စံမီသမ္မာကျမ်း ယခုတစ်ကြိမ်သာလျှင် ငါ့အပြစ်ကို ခွင့်လွှတ်ပါလော့။ ဤသေဘေးကိုလည်း ငါ့ထံမှဖယ်ရှားပေးမည့်အကြောင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု မိန့်ဆိုလျှင် |
ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ထိုဟင်းကိုလူတို့စားသောက်ရန်လောင်းထည့် လိုက်သောအခါ သူတို့သည်မြည်းစမ်းမိသည် နှင့်တစ်ပြိုင်နက်ဧလိရှဲအား``ဤဟင်းတွင် အဆိပ်ခတ်ထားပါသည်တကား'' ဟုဟစ် အော်ကာမစားဘဲနေကြ၏။-
ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။-
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။
ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်နှင့် ဝိညာဉ်တော်ကငါတို့အားပေးသနားတော်မူ သောမေတ္တာကိုအကြောင်းပြု၍ ငါ့အတွက်ငါ နှင့်အတူဘုရားသခင်ထံတော်သို့စိတ်အား ထက်သန်စွာဆုတောင်းပတ္ထနာပြုရန်သင်တို့ အားငါတိုက်တွန်းနှိုးဆော်ပါ၏။-
သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။
သို့ရာတွင်ထာဝရဘုရားအားအကျွန်ုပ်ဝတ် ပြုကိုးကွယ်ခွင့်ရစေရန် အရှင်သည်အကျွန်ုပ် ၏အပြစ်ကိုဖြေလွှတ်၍ အကျွန်ုပ်နှင့်အတူ ဂိလဂါလမြို့သို့လိုက်ခဲ့ပါရန်အကျွန်ုပ် တောင်းပန်ပါ၏'' ဟုဆိုလေ၏။