၂ ကော 1:10 - Common Language Bible10-11 သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌လည်း ကယ်လွှတ်တော်မူသေး၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထိုမျှလောက်ကြီးမားသော သေဘေးမှ ကယ်တင်တော်မူပြီ။ ထပ်မံ၍လည်း ကယ်တင်တော်မူလိမ့်မည်။ ဆက်လက်၍ ကယ်တင်တော်မူလိမ့်မည်ဟု ကိုယ်တော်ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-