သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့် လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
ထွက်မြောက် 10:15 - Common Language Bible ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။ Garrad Bible ထို ကျိုင်း ကောင် များ သည် မြေ မျက် နှာ တစ် ပြင် လုံး ကို ဖုံး လွှမ်း မည်း နက် စေ လျက် ၎င်း ပြည် တွင် မိုး သီး မ ဖျက်၊ ကြွင်း ကျန် သော ကောက် ပင်၊ ပဲ ပင်၊ သစ် ပင် အ သီး ဟူ သ မျှ ကို စား ကြ သ ဖြင့် အိ ဂျစ် တစ် ပြည် လုံး တွင် လယ် ပြင် ရှိ ကောက် ပဲ သစ် ပင် မှ စ၍ အ တက် အညှောက် မျှ မ ကြွင်း မ ကျန် ပြီ။ Judson Bible မြေမည်းသည်တိုင်အောင် မြေတစ်ပြင်လုံးကိုဖုံးအုပ်၍ တစ်ပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုးသီးနှင့် လွတ်သောသစ်သီးရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာတစ်စုံတစ်ခုမျှ မကျန်ရစ်။ မြန်မာ့စံမီသမ္မာကျမ်း ကျိုင်းကောင်တို့သည် မြေမျက်နှာတစ်ပြင်လုံးကိုဖုံးလွှမ်းသဖြင့် မြေပြင်သည်မည်းနက်လေ၏။ မိုးသီးဘေးပြီးနောက် ကျန်ရစ်သောကောက်ပင်အားလုံးနှင့် ထိုပြည်ရှိသစ်သီးဝလံအားလုံးတို့ကိုစားကြသဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် အပင်မှအရွက်စိမ်းတစ်ရွက်မျှ၊ လယ်ထဲရှိကောက်ပင်တစ်ပင်မျှ မကြွင်းကျန်ပေ။ |
သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့် လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်သို့ကျိုင်းကောင်များရောက်ရှိလာစေ ရန်သင်၏လက်ကိုဆန့်လော့။ ကျိုင်းကောင်များ သည်ရောက်လာ၍မိုးသီးဒဏ်ကြောင့်မပျက် စီးဘဲ ကျန်ရှိနေသမျှသောအပင်တို့ကို စားပစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။-
ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
ထိုကျိုင်းကောင်များသည်တစ်ပြည်လုံးရှိ ရွက် နုပင်မှန်သမျှကိုကိုက်စားလိုက်ကြောင်း ငါမြင်ရ၏။ ငါကလည်း``အို အရှင်ထာဝရ ဘုရား၊ အရှင့်လူတို့၏အပြစ်ကိုလွှတ်တော် မူပါ။ သူတို့သည်နုငယ်၍အားနွဲ့လှပါ ၏'' ဟုလျှောက်ဆိုသော်၊
အမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။-