ထို့ကြောင့်ဘုရင်သည်ဝမ်းဆွဲတို့အားဆင့်ခေါ်လျက်``သင်တို့သည်ငါ၏အမိန့်ကိုမနာခံဘဲ အဘယ်ကြောင့်ယောကျာ်းကလေးများကိုအသက်ချမ်းသာစေရသနည်း'' ဟုမေးလေ၏။-
ထွက်မြောက် 1:19 - Common Language Bible ထိုအခါဝမ်းဆွဲတို့က``ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည်သားဖွားလွယ်ကြသဖြင့်ဝမ်းဆွဲမရောက်မီ ကလေးကိုဖွားနှင့်ပြီးဖြစ်ပါသည်'' ဟုလျှောက်ထားကြ၏။- Garrad Bible လက် သည် တို့ က၊ ဟေ ဗြဲ မိန်း မ တို့ ကား အိ ဂျစ် မိန်း မ ကဲ့ သို့ မ ဟုတ်၊ သား မွေး လွယ် သော ကြောင့် လက် သည် တို့ မ ရောက် မီ ဖွား တတ် ကြ ပါ သ တည်း ဟု တင် လျှောက် ကြ ၏။ Judson Bible ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မီ သားကိုဖွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဝမ်းဆွဲတို့ကလည်း ဖာရောမင်းကြီးအား “ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည် သန်စွမ်းသောကြောင့် ဝမ်းဆွဲမရောက်မီ သားဖွားတတ်ကြပါ၏”ဟု ပြန်လျှောက်ကြ၏။ |
ထို့ကြောင့်ဘုရင်သည်ဝမ်းဆွဲတို့အားဆင့်ခေါ်လျက်``သင်တို့သည်ငါ၏အမိန့်ကိုမနာခံဘဲ အဘယ်ကြောင့်ယောကျာ်းကလေးများကိုအသက်ချမ်းသာစေရသနည်း'' ဟုမေးလေ၏။-
ဝမ်းဆွဲတို့သည်ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ထာဝရဘုရားကသူတို့ကိုကျေးဇူးပြု၍ သူတို့၌အိမ်ထောင်မိသားစုများရှိစေတော်မူ၏။ ဣသရေလအမျိုးသားတို့၏ဦးရေသည်လည်းတိုးပွားများပြားလာ၏။-
ဒါဝိဒ်က``အကျွန်ုပ်သည်ဘုရင့်အမှုတော်ကို ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်။ မင်းကြီးက မိမိစေခိုင်းသည့်အမှုကိစ္စကို အဘယ်သူ့အားမျှမပြောရန်မှာကြား လိုက်ပါသည်။-