ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-
မ တောင့် မ တ၊ ခဲ ဖွယ် သောက် ဖွယ် ကို သုံး ဆောင် ရ သော ပြည်၊ သံ ကျောက် တောင်၊ ကြေး သ တ္တု တူး ဖော် ရ သော ကုန်း များ နှင့် ပြည့် စုံ သော ပြည် သို့၊ ဆောင် သွင်း တော် မူ မည့် အ လျောက်၊
ဘာမျှမလိုဘဲ ဝစွာစားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။
အစားအစာခေါင်းပါးခြင်းမရှိဘဲ ဝလင်စွာစားရ၍ မည်သည့်အရာမျှချို့တဲ့ခြင်းမရှိသောပြည်၊ သံရိုင်းထွက်သောပြည်၊ တောင်များထဲမှ ကြေးနီကိုတူးဖော်ရရှိသည့်ပြည်သို့ သင့်ကိုပို့ဆောင်တော်မူ၏။
ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။-
သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
သင်တို့သည်အစားအစာကိုဝစွာစားရကြ သဖြင့် အစာရေစာပေါကြွယ်ဝသောပြည်ကို ပေးသနားတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။''
ထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။-
ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။