သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
တရားဟော 6:21 - Common Language Bible `ငါတို့သည်အီဂျစ်ပြည်ဘုရင်ထံတွင်ကျွန် ခံခဲ့ရစဉ်က ထာဝရဘုရားသည်မဟာ တန်ခိုးတော်ဖြင့်ငါတို့အားကယ်ဆယ်ခဲ့ ၏။- Garrad Bible သင် တို့ က၊ ထာ ဝ ရ ဘု ရား သည်၊ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း ထံ ကျွန် ခံ ရ ဘူး သော ငါ တို့ ကို၊ လက် ရုံး တော် တန် ခိုး ဖြင့် ထုတ် ဆောင် ရာ၊ Judson Bible သင်က၊ ငါတို့သည်အဲဂုတ္တုပြည်၌ ဖာရောဘုရင်၏ကျွန်ဖြစ်၍နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကလည်း သင်တို့၏သားသမီးများအား ‘ငါတို့သည် အီဂျစ်ပြည်၌ ဖာရောမင်းကြီး၏ကျွန်ဖြစ်ခဲ့ကြ၏။ သို့သော် ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ |
သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာ ကိုယ်တော်ပြုသောအမှုအရာတို့ကို မမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
ထာဝရဘုရားက၊ ``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန် ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။ သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။ သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။
``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'
``နောင်အခါ၌သင်တို့၏သားသမီးတို့သည် သင်တို့အား`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားက ဤပညတ်ရှိသမျှကိုအဘယ် ကြောင့်ပြဋ္ဌာန်းတော်မူရသနည်း' ဟူ၍ မေး ကြလျှင်၊-
ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-