ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
တရားဟော 6:18 - Common Language Bible သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။- Garrad Bible ရန် သူ ရှိ သ မျှ ကို သင် တို့ ရှေ့ မောင်း နှင် တော် မူ မည့် အ ကြောင်း ထာ ဝ ရ ဘု ရား က တိ တော် အ တိုင်း၊ ဘိုး ဘေး တို့ အား သစ္စာ ဆို ခဲ့ သော ပြည် ကောင်း ကို ဝင် ရောက် ပိုင် ရ၍ ကောင်း စား ကြ အံ့ သော ငှါ၊ မျက် မှောက် တော် တွင် ဖြောင့် မှန် သင့် လျော် စွာ ပြု ကျင့် ကြ လော့။ Judson Bible သင်သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှု၊ ကောင်းသောအမှုတို့ကို ပြုလော့။ သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကိုသင်တို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုသာယာဝပြောသောပြည်ကို သင်တို့ဝင်ရောက်သိမ်းပိုက်၍ ကောင်းစားကြလိမ့်မည်။ |
ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
သူတော်ကောင်းတို့သည်မင်္ဂလာရှိလိမ့်မည်။ သူ တို့အတွက်အစစအရာရာအဆင်ပြေလိမ့် မည်။ သူတို့သည်မိမိတို့၏အကျင့်အကြံ အပြုအမူများ၏ကောင်းကျိုးကိုခံစားရ ကြလိမ့်မည်။-
``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားရိုးဖြောင့်စွာသစ္စာနှင့် ကိုးကွယ်ဝတ်ပြုလျက် ကိုယ်တော်ပြုစေလို သည့်အတိုင်းကြိုးစားပြုကျင့်သည်ကို အောက်မေ့သတိရတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးတော်မူ၏။
``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-
ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-
အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊-
သူကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ငါသည်ဖြေလွှတ်မည်။ မှန်ရာကောင်းရာကို ပြုကျင့်သည့်အတွက်သူသည်အသက်ရှင် လိမ့်မည်။
ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
ဤပညတ်ကိုလိုက်နာခြင်းသည်ထာဝရဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏။ သို့ဖြစ်၍သင် တို့သည်ဤပညတ်ကိုလိုက်နာလျှင် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည်လည်းကောင်း စားကြလိမ့်မည်။-
သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ထားတော်မူသည်အတိုင်း သင်တို့ကိုယ်တိုင် မတည်ဆောက်သည့်စည်ပင်သာယာသော မြို့ကြီးများကို သင်တို့အားပေးတော်မူ မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-