ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာ ကိုယ်တော်ပြုသောအမှုအရာတို့ကို မမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
တရားဟော 5:1 - Common Language Bible မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။- Garrad Bible မော ရှေ သည် ဣ သ ရေ လ တစ် မျိုး လုံး ကို ခေါ်၍ မိန့် ဆို သည် မှာ၊ အို ဣ သ ရေ လ လူ မျိုး၊ ယ နေ့၌ ပင် သင် တို့ အား ငါ ဆင့် ဆို သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို နာ ခံ သင် ကြား လျက် စောင့် ရှောက် လိုက် နာ ကြ လော့။ Judson Bible တစ်ဖန် မောရှေသည် ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။ |
ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာ ကိုယ်တော်ပြုသောအမှုအရာတို့ကို မမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ ကိုအစဉ်လိုက်နာစောင့်ထိန်းရမည်။-
``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် နေထိုင်သမျှ ကာလပတ်လုံးစောင့်ထိန်းရမည့်ပညတ်တော် များကိုဖော်ပြအံ့။ နားထောင်ကြလော့။-
သူသည်ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ၍ ပညတ်ရှိသမျှတို့ကိုတစ်သဝေမတိမ်း လိုက်လျှောက်နိုင်ရန် ထိုကျမ်းစာအုပ်ကိုမိမိ အနီးအပါးတွင်ထားလျက် တစ်သက်ပတ် လုံးဖတ်ရှုရမည်။-
``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။-
ထာဝရဘုရားပြဋ္ဌာန်းတော်မူသော ပညတ် အားလုံးကိုလိုက်နာရန်သတိပြုလော့။-
ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-