သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
တရားဟော 4:26 - Common Language Bible ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။- Garrad Bible ယော် ဒန် မြစ် ကို ကူး ချီ လျက် အ ပိုင် ရ မည့် ပြည် တွင် တာ ရှည် ခွင့် မ ရ ဘဲ၊ အ ဆော တ လျင် ပျက် စီး ပ ပျောက် ရ မည့် အ ကြောင်း သက် သေ များ အ ဖြစ်၊ မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို ယ နေ့ ပင် ငါ ခေါ် ၏။ Judson Bible ကောင်းကင်မြေကြီးကို သင်တို့တစ်ဖက်၌ ယနေ့ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ယနေ့ ငါသည် သင်တို့တစ်ဖက်၌ ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ တိုင်တည်၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးသွား၍သိမ်းပိုက်မည့်ပြည်မှ မကြာမီလုံးလုံးဖျက်ဆီးခြင်းခံရမည်။ ထိုပြည်၌ အသက်ရှည်ရှည်မနေရ၊ လုံးလုံးဖျက်ဆီးခြင်းခံရမည်။ |
သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
ငါကလည်း``အို ထာဝရဘုရား၊ အဘယ်မျှကြာအောင်ဤသို့ဖြစ်ပျက်လျက်နေပါမည်နည်း'' ဟုလျှောက်လျှင် ကိုယ်တော်က``မြို့များပျက်စီးယိုယွင်း၍ဟာလာဟင်းလင်းဖြစ်၍နေချိန်တိုင်အောင်ဖြစ်၏။ အိမ်များတွင်လူသူကင်းမဲ့ပြီးထိုပြည်ကိုယ်တိုင်လူသူဆိတ်ငြိမ်ရာဖြစ်လျက်နေချိန်တိုင်အောင်ဖြစ်၏။-
ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အား ထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
ကမ္ဘာမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤ လူတို့သည်ငါ့စကားကိုမနာယူ၊ ငါ၏သြ ဝါဒကိုလည်းပစ်ပယ်ကြ၏။ သို့ဖြစ်၍ငါ သည်သူတို့ခံယူထိုက်သည့်ဘေးအန္တရာယ် ဆိုးကိုသူတို့အပေါ်သို့သက်ရောက်စေမည်။-
ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့ပြုလျှင်သင်တို့အလျင်နေထိုင်ခဲ့သော သူများကဲ့သို့ သင်တို့သည်ထိုပြည်မှနှင် ထုတ်ခြင်းခံရမည်မဟုတ်။-
လူမျိုးအပေါင်းတို့၊ကြားနာကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့နားထောင် ကြလော့။ အရှင်ထာဝရဘုရားသည်သင်တို့တစ် ဘက်မှ သက်သေခံတော်မူမည်။ နားထောင်ကြလော့၊ ထာဝရဘုရားသည်ကောင်းကင်ဘုံရှိဗိမာန် တော်မှ မိန့်ကြားတော်မူ၏။
ကမ္ဘာမြေကြီး၏တည်မြဲသောအခြေအမြစ် ဖြစ်သည့်တောင်များတို့၊ ထာဝရဘုရား၏ စွပ်စွဲတော်မူချက်ကိုနားထောင်ကြလော့၊ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားစွဲချက်တင်ရန်ရှိတော်မူသည်။ ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ နှင့်အမှုဆိုင်ရန်ရှိသည်။
အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။''
``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
``သင်တို့တွင်ဤဘေးဒဏ်များကျရောက် လိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုမနာခံ၊ ကိုယ်တော် ၏ပညတ်တော်များကိုမစောင့်ထိန်းလျှင် သင်တို့သေကြေပျက်စီးသည့်တိုင်အောင် ဤကဲ့သို့သောဘေးဒဏ်များနှင့်တွေ့ကြုံ ရလိမ့်မည်။-
ထာဝရဘုရား၏ပညတ်များနှင့်သြဝါဒ များပါရှိသော ဤကျမ်းတွင်ဖော်ပြခြင်း မရှိသည့်အခြားရောဂါနှင့်ကပ်ရောဂါ အမျိုးမျိုးကိုလည်း သင်တို့အပေါ်သို့ကျ ရောက်စေတော်မူသဖြင့်သင်တို့သေကြေ ပျက်စီးရလိမ့်မည်။-
ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။
ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-
``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။
ထိုသို့ပြုလျှင်သင်တို့သည်သင်တို့၏သား သမီးများအား ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုကိုးကွယ်စေ ကြလိမ့်မည်။ ထိုအခါထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကိုချက်ခြင်းဖျက် ဆီးပစ်တော်မူလိမ့်မည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍ အခြားသောဘုရားများကိုဆည်း ကပ်ဝတ်ပြုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင်သင် တို့သည်မုချပျက်စီးဆုံးပါးရမည်ဖြစ် ကြောင်း သင်တို့အားငါယနေ့သတိပေး၏။-
သင်တို့သည်ထာဝရဘုရား၏စကားတော် ကိုနားမထောင်လျှင် သင်တို့ချီတက်သည့်အခါ သင်တို့ကိုခုခံတိုက်ခိုက်သောလူမျိုးတို့အား ထာဝရဘုရားသေကြေပျက်စီးစေသကဲ့ သို့ သင်တို့ကိုလည်းသေကြေပျက်စီးစေတော် မူမည်။''
သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။
သင်တို့သည်ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုဝတ်ပြုလျှင် သင်တို့ကိုကျေးဇူးပြုတော်မူခဲ့သော ထာဝရဘုရားသည် သင်တို့ကိုရန်ဘက် ပြု၍သေကြေပျက်စီးရန်ဒဏ်ခတ်တော် မူလိမ့်မည်'' ဟုပြောကြားလေသည်။