ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
တရားဟော 34:5 - Common Language Bible သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။- Garrad Bible ကျွန် တော် ရင်း မော ရှေ သည် မော ဘ ပြည် တွင် ကွယ် လွန် ရ လေ၏။ Judson Bible ထိုသို့ထာ၀ရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာ၀ရဘုရား၏ကျွန် မောရှေသည် မောဘပြည်၊ ထိုအရပ်၌အနိစ္စရောက်၍၊ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အမိန့်တော်အတိုင်း ထာဝရဘုရား၏အစေအပါးမောရှေသည် မောဘပြည်ရှိ ထိုတောင်ပေါ်၌သေဆုံးလေ၏။ |
ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-
``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။
ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
သင်၏အစ်ကိုအာရုန်သည်ဟောရတောင်ပေါ် တွင် အနိစ္စရောက်ရသည့်နည်းတူ သင်သည်လည်း ထိုတောင်ပေါ်၌အနိစ္စရောက်ရမည်။-
မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။