ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
တရားဟော 33:6 - Common Language Bible ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊'' Garrad Bible ရု ဗင့် အ နွယ် သည် မ ပျက် မ သေ၊ ရှင် နေ ခွင့် ရ ပါ စေ သော။ သို့ ရာ တွင် လူ ဦး ရေ နည်း ပါး စေ သ တည်း။ Judson Bible ရုဗင်အမျိုးမသေ၊ အသက်ရှင်၍ သူ၏လူတို့သည် များပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ရုဗင်အမျိုးသည် အသက်ချမ်းသာရာရပါစေသော။ မသေပါစေနှင့်။ သူ၏လူဦးရေများပါစေ။ |
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
ယုဒ၊သင့်ညီအစ်ကိုတို့ကသင့်အား ချီးကူး ထောမနာပြုကြလိမ့်မည်။ သင်သည်ရန်သူတို့၏လည်မျိုကိုချုပ်ကိုင် ထား၏။ သင်၏ညီအစ်ကိုတို့ကသင့်အားဦးညွှတ် ရမည်။
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ အနွယ် သားချင်းစုအကြီးအကဲ ရုဗင် ရှေဒုရ၏သားဧလိဇုရ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ယုဒ အမိနဒပ်၏သားနာရှုန် ဣသခါ ဇုအာ၏သားနာသနေလ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ အာရှာ သြကရန်၏သားပါဂျေလ ဂဒ် ဒွေလ၏သားဧလျာသပ် နဿလိ ဧနန်၏သားအဟိရ