ကမ္ဘာဦး 49:8 - Common Language Bible8 ယုဒ၊သင့်ညီအစ်ကိုတို့ကသင့်အား ချီးကူး ထောမနာပြုကြလိမ့်မည်။ သင်သည်ရန်သူတို့၏လည်မျိုကိုချုပ်ကိုင် ထား၏။ သင်၏ညီအစ်ကိုတို့ကသင့်အားဦးညွှတ် ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible8 ယု ဒ၊ သင့် ကို ညီ အစ် ကို တို့ ချီး မွမ်း ရ ကြ လိမ့် မည်။ သင့် လက် သည် ရန် သူ တို့ လည် ကို ဖိ သည် နှင့် သင့် ရှေ့ မှာ အ ဘ ၏ သား တို့ ရှိ ခိုး ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာဦးညွှတ်ချကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။''
သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။-
ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-