အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
တရားဟော 32:3 - Common Language Bible ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။ Garrad Bible ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ငါ ကြော် ငြာ မည့် အ လျောက် ငါ တို့ ဘု ရား သ ခင် တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။ Judson Bible ငါသည် ထာဝရဘုရား၏နာမတော်ကို ဖော်ပြသည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နာမတော်ကို ငါကြေညာမည်ဖြစ်၍ ငါတို့၏ဘုရားသခင် ကြီးမြတ်တော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ |
အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
ကိုယ်တော်ပြုတော်မူသည့်မဟာ အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။ အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါသည်အနန္တ တန်ခိုးရှင်ဘုရားသခင်အဖြစ်နှင့်ထင်ရှားခဲ့ သော်လည်း ထာဝရဘုရားဟူသောနာမဖြင့် သူတို့သည်ငါ့ကိုမသိကြ။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်နှင့်တူသော ဘုရား တစ်ဆူမျှမရှိပါ။ ကိုယ်တော်ရှင်သည်တန်ခိုးကြီးတော်မူပါ၏။ နာမတော်သည်လည်းကြီးမြတ်၍တန်ခိုး အာနုဘော်နှင့် ပြည့်ဝပါ၏။
ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
အကျွန်ုပ်အပေါ်၌ကိုယ်တော်ရှင်ထားတော်မူ သောမေတ္တာတော်သည်သူတို့၌ကိန်းအောင်း၍ အကျွန်ုပ်သည်လည်းသူတို့၏စိတ်နှလုံးတွင် ကိန်းအောင်းနိုင်စေရန်ကိုယ်တော်အကြောင်း ကိုသူတို့အားအကျွန်ုပ်ကြားသိစေခဲ့ပါ ပြီ။ ဆက်လက်၍လည်းကြားသိစေပါဦးမည်'' ဟုမြွက်ဆိုတော်မူ၏။
``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။-
`အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူ မည့်ကြီးမားအံ့သြဖွယ်ကောင်းသောအမှုတော် အရိပ်အမြွက်မျှလောက်ကိုသာ အကျွန်ုပ်အား ပြတော်မူပြီ။ ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ လောက၌လည်းကောင်းကိုယ်တော်နည်းတူကြီး မားသောအမှုတော်များကိုပြုနိုင်သောဘုရား မရှိပါ။-
`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။