ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
တရားဟော 32:12 - Common Language Bible အခြားဘုရား၏အကူအညီကိုမယူဘဲ ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ မိမိ၏လူမျိုးတော်ကိုရှေ့ဆောင်လမ်းပြ တော်မူခဲ့၏။ Garrad Bible အ ခြား ဘု ရား မ ဟုတ်၊ ကိုယ် တော် သာ လျှင် ပို့ ဆောင် တော် မူ၏။ Judson Bible ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတစ်ပါးသောဘုရား မည်မျှမရှိ။ မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုပို့ဆောင်ပေးသူမှာ တိုင်းတစ်ပါးသား၏ဘုရားမဟုတ်၊ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဖြစ်၏။ |
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးမှာရန်သူများလှပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။
နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊ တစ်ညပတ်လုံးမီးအလင်းရောင် အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။ သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊ သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။ သင်တို့အားငါကူမမည်။ ကယ်တင်မည်။
ကျွဲနွားများကိုစိမ်းလန်းစိုပြေသည့်ချိုင့်ဝှမ်း သို့ပို့ဆောင်သကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းအေးရာအရပ် သို့ပို့ဆောင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ် တော်သည် မိမိဘုန်းအသရေတော်ကိုထင် ရှားစေတော်မူသတည်း။
ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။ သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။
`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-