Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 136:16 - Common Language Bible

16 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ လူ မျိုး တော် ကို သဲ က န္တ ရ၌ လမ်း ပြ တော် မူ ထ သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​လူ​စု​ကို​တော၌ ပို့​ဆောင်​တော်​မူ​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 မိမိ​၏​လူမျိုး​တော်​ကို တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 136:16
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား နေ့​အ​ချိန်​၌​မိုး​တိမ်​တိုက်​အား​ဖြင့် လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ညဥ့်​အ​ချိန်​၌ သူ​တို့​၏​ခ​ရီး​လမ်း​ကို​မီး​တိမ်​တိုက်​ဖြင့် ထွန်း​လင်း​စေ​တော်​မူ​ပါ​၏။


သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။


ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့် မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။


သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။


ထို​နောက်​မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ကို ပင်​လယ်​နီ​မှ​ရှု​ရ​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​လေ​၏။ သူ​တို့​သည် တော​ကန္တာ​ရ​ထဲ​တွင်​သုံး​ရက်​ခ​ရီး​သွား​ခဲ့ ရ​သော်​လည်း​လမ်း​တွင်​ရေ​ကို​မ​တွေ့​ရ။-


သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။


သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-


ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ