Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 32:11 - Common Language Bible

11 လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ရွှေ လင်း တ သည် သား ငယ် များ ကို သိုက် မြုံ မှ နှိုး ဆော်၍၊ အုပ် ထိန်း ဝဲ ပျံ သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည် ဖြန့် သော အ တောင် တော် ဖြင့်၊ ထို လူ မျိုး ကို ဆောင် ယူ သယ် ပိုး လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ရွှေ​လင်း​တ​သည် အ​သိုက်​ကို​မွှေ​လျက်၊ သား​ငယ်​တို့​အ​ပေါ်​မှာ လှုပ်​ရှား​လျက်၊ အ​တောင်​တို့​ကို​ဖြန့်​လျက်၊ သား​ငယ်​တို့​ကို​ယူ၍ မိ​မိ​အ​တောင်​တို့​ဖြင့် ဆောင်​သ​ကဲ့​သို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 လင်းယုန်​သည် မိမိ​အသိုက်​ကို​လှုပ်ခါ​၍ မိမိ​သားငယ်​တို့​အပေါ်​ပျံဝဲ​လျက်​၊ မိမိ​တောင်ပံ​ကို​ဖြန့်​လျက်​၊ သားငယ်​တို့​ကို​ချီယူ​ပြီး မိမိ​တောင်ပံ​ပေါ်တွင်​သယ်ဆောင်​သွား​သကဲ့သို့

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 32:11
13 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​မြေ​ကြီး​သည်​အ​သွင်​သဏ္ဌာန်​ဟူ​၍​မ​ရှိ။ လ​ဟာ​သက်​သက်​ဖြစ်​၏။ သ​မုဒ္ဒ​ရာ​ရေ​ပြင် ကြီး​ကို​မှောင်​အ​တိ​ဖုံး​၍​ရေ​ပြင်​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် လှုပ်​ရှား​လျက်​ရှိ​၏။-


ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်၊ လေ​၏​အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။


``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-


ငှက်​သည်​မိ​မိ​အ​သိုက်​ထက်​တွင်​ပျံ​ဝဲ​ကာ သား​ငယ်​ကို​ကာ​ကွယ်​စောင့်​ရှောက်​သ​ကဲ့​သို့၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက်​တော်​မူ​မည်'' ဟု ငါ့​အား​မိန့်​တော်​မူ​ပါ​၏။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။


သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-


ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။


သို့​ရာ​တွင်​ငါ​သာ​လျှင်​ဧ​ဖ​ရိမ်​ကို လမ်း​လျှောက်​တတ်​ရန်​သင်​ပေး​ခဲ့​သူ​ဖြစ်​၍၊ ငါ​သည်​သူ​တို့​ကို​လက်​ဖြင့်​ပိုက်​ထွေး​ခဲ့​၏။ သို့​သော်​လည်း​ငါ​သည်​သူ​တို့​အား​စောင့် ရှောက် ပြု​စု​ခဲ့​ကြောင်း​ကို​သူ​တို့​မ​သိ။


ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''


မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။


အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-


သူ​သည်​မိုး​ကောင်း​ကင်​က​ကြယ်​တာ​ရာ​သုံး​ပုံ တစ်​ပုံ​ကို မိ​မိ​အ​မြီး​ဖြင့်​ဆွဲ​ငင်​ကာ​ကမ္ဘာ​မြေ ပေါ်​သို့​ပစ်​ချ​လိုက်​၏။ နဂါး​ကြီး​သည်​သား​ဖွား အံ့​ဆဲ​ဆဲ​ဖြစ်​သော​အ​မျိုး​သ​မီး​၏​ရှေ့​တွင် ရပ်​လျက် ထို​အ​မျိုး​သ​မီး​သား​ဖွား​သည်​နှင့် တစ်​ပြိုင်​နက်​သား​ငယ်​ကို​စား​မျို​ရန်​စောင့် ၍​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ