ပညတ်တော်တို့သည်ကွန်တော်မျိုး၏ ထာဝရပိုင်ဆိုင်ရာဖြစ်၍ကွန်တော်မျိုးအား ရ"င်လန်းဝမ်းမြောက်စေပါ၏။
တရားဟော 30:19 - Common Language Bible ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။- Garrad Bible ရှင် ခြင်း၊ သေ ခြင်း၊ မင်္ဂ လာ အ မင်္ဂ လာ နှစ် ပါး ကို သင် တို့ ရှေ့ ငါ ထား ခဲ့ ကြောင်း သက် သေ များ အ ဖြစ် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို ယ နေ့ ပင် ငါ ခေါ်၏။ သို့ နှင့် အ ညီ၊ အ ဆက် အ နွယ် ပါ အ သက် ချမ်း သာ ရ ကြ အံ့ သော ငှါလည်း ကောင်း၊ ဘိုး ဘေး ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား ပေး မည် ဟူ၍ ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် နေ ထိုင် ခွင့် ရ ကြ အံ့ သော ငှါလည်း ကောင်း၊ ကိုယ့် အ သက် ရှင် ရာ ရှင် ကြောင်း၊ တာ ရှည် ရာ တာ ရှည် ကြောင်း ဖြစ် သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ချစ် ကြည် မြတ် နိုး နာ ခံ ဆည်း ကပ် မှု နှင့် စပ် လျဉ်း ရာ အ သက် ရှင် ခြင်း ကို ရွေး ယူ ကြ လော့ ဟု မော ရှေ မှာ ထား လေ၏။ Judson Bible အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ မြန်မာ့စံမီသမ္မာကျမ်း ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။ |
ပညတ်တော်တို့သည်ကွန်တော်မျိုး၏ ထာဝရပိုင်ဆိုင်ရာဖြစ်၍ကွန်တော်မျိုးအား ရ"င်လန်းဝမ်းမြောက်စေပါ၏။
ကွန်တော်မျိုးသည်ဥပဒေသတော်တို့ကို စောင့်ထိန်းသည်ဖြစ်၍ ကွန်တော်မျိုးအားကူမရန် အစဉ်အသင့်ရှိတော်မူပါ။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏စကား တော်ကို နားထောင်ရန်ရွေးခယ်ပါပြီ။ ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်ခက်တို့ကို အာရုံစိုက်ပါပြီ။
အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
ထာဝရဘုရားကထိုသူတို့အား``သင်တို့ သည်ဥပုသ်နေ့ကိုစောင့်ထိန်းကာငါနှစ်သက် သည့်အမှုကိုပြု၍ ငါ၏ပဋိညာဉ်တော်ကို သစ္စာစောင့်ကြမည်ဆိုပါမူ၊-
ထိုနောက်ထာဝရဘုရားက လူတို့အား ပြောကြားစေသည်မှာ``နားထောင်လော့၊ ငါ ထာဝရဘုရားသည်သင်တို့ရွေးချယ်နိုင် ရန်အတွက်အသက်ရှင်ရာလမ်းနှင့် အသက် သေရာလမ်းကိုဖွင့်ပြထားမည်ဖြစ် ကြောင်းပြောကြားလော့။-
ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။-
ယခုသင်တို့အားငါပြန်လည်ပြောကြား ပြီးလေပြီ။ သို့ရာတွင်သင်တို့သည်မိမိတို့ ဘုရားသခင်ထာဝရဘုရားက ငါ့အား စေလွှတ်၍ပြောကြားစေသမျှသောအမိန့် တော်တို့ကိုဖီဆန်ခဲ့ကြ၏။-
ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
``ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့အနက် တစ် ခုခုကိုယနေ့ရွေးယူလော့။-
``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊-
``ယနေ့ငါသည်သင်တို့အား အကောင်းသို့ မဟုတ်အဆိုး၊ အသက်ရှင်ခြင်းသို့မဟုတ် သေခြင်းကိုရွေးချယ်စေပြီ။-
ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-
``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။-
ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
သင်တို့နှင့်သင်တို့၏အဆက်အနွယ်တို့သည် အသက်ရှင်သမျှကာလပတ်လုံးသင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ ရိုသေရကြမည်။ သင်တို့သည်ထိုပြည်တွင် ကြာရှည်စွာနေထိုင်နိုင်ရန် ငါပေးသော ပညတ်တော်ရှိသမျှတို့ကိုနားထောင်၍ စောင့်ထိန်းကြလော့။-
ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-