တရားဟော 30:1 - Common Language Bible1 ``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible1 သင် တို့ ရှေ့ ငါ ထား ခဲ့ သော မင်္ဂ လာ အ မင်္ဂ လာ အ ကျိုး ဆက် ဟူ သ မျှ သည် နောင် ကာ လ၌ သင့် ရောက် သော် သင် တို့ သည် ကိုယ့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ရာ လူ အ မျိုး မျိုး တို့ အ တွင်း၊ ထို အ ချက် များ ကို နှ လုံး သွင်း လျက် သား သ မီး တို့ ပါ၊ အခန်းကိုကြည့်ပါ။Judson Bible1 သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသော အရာတည်းဟူသော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့သည် သင့်အပေါ်မှာရောက်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကိုအောက်မေ့လျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သင့်ရှေ့၌ ငါချထားသည့် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သို့ကျရောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကိုနှင်ထုတ်တော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့အလယ်တွင် ထိုအရာတို့ကို သင်ပြန်၍နှလုံးသွင်းလျှင်၊ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
သင်တို့သည်အမှန်ပင်ငါ့ကိုတွေ့ရှိကြလိမ့် မည်ဟူ၍လည်းကောင်း၊ ငါသည်လည်းသင်တို့ အားမိမိတို့ပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဟူ၍လည်းကောင်းငါဆို၏။ ငါသည်သင် တို့အားမိမိကွဲလွင့်စေခဲ့သည့်နိုင်ငံတကာ အရပ်တကာတို့မှပြန်လည်စုသိမ်းမည်။ ထို နောက်သင်တို့အားသုံ့ပန်းအဖြစ်ငါအဖမ်း ခံစေခဲ့ရသည့်ပြည်သို့ပြန်လည်ပို့ဆောင် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏' ဟူ၍လည်းမိန့်တော် မူ၏။
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-