အခြားသောဣသရေလအနွယ်ဝင်တို့ သည် မိမိတို့နေထိုင်ရမည့်ပြည်ကိုအပိုင် မရမချင်းအကျွန်ုပ်တို့သည်ကိုယ့်အိမ် သို့မပြန်ပါ။-
တရားဟော 3:20 - Common Language Bible ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။ Garrad Bible သင် တို့ အား ရန် ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည့် နည်း တူ ယော် ဒန် မြစ် အ နောက် ဘက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ဆွေ မျိုး သား ချင်း တို့ လည်း အ ပိုင် ရ လျက် ရန် ငြိမ်း ခွင့် ရှိ ကြ ပြီး မှ၊ ငါ ဝေ ခဲ့ သော ပိုင် စု သို့ အ သီး အ သီး ပြန် လာ ခွင့် ရ မည့် အ ကြောင်း၊ မှာ လိုက် ပြီး နောက်၊ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေး၍ သူတို့အား ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ပြီးမှ သင်တို့အား ငါအပိုင်ပေးသောပြည်အသီးသီးသို့ သင်တို့ပြန်လာခွင့်ရှိ၏’ဟု ဆိုခဲ့၏။ |
အခြားသောဣသရေလအနွယ်ဝင်တို့ သည် မိမိတို့နေထိုင်ရမည့်ပြည်ကိုအပိုင် မရမချင်းအကျွန်ုပ်တို့သည်ကိုယ့်အိမ် သို့မပြန်ပါ။-
တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။-
သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
``ထိုအခါကငါသည်ယောရှုအားလည်း`သင် ၏ဘုရားသခင်ထာဝရဘုရားသည် ထိုဘုရင် နှစ်ပါးတို့အားစီရင်တော်မူခဲ့ပုံအလုံးစုံကို သိမြင်ခဲ့ရပြီ။ ထာဝရဘုရားသည်သင်ဝင် ရောက်တိုက်ခိုက်သမျှသောတိုင်းနိုင်ငံဘုရင် တို့ကိုလည်း ထိုနည်းတူစီရင်တော်မူလိမ့် မည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
``သင်တို့သည်ထာဝရဘုရား၏အစေခံ မောရှေမိန့်မှာသမျှကိုဆောင်ရွက်၍ ငါ၏ အမိန့်အားလုံးကိုလည်းလိုက်နာခဲ့ကြ ပြီ။-
ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။