တရားဟော 26:1 - Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် သို့ ဝင် ရောက် ပိုင် ယူ နေ ထိုင် ကြ သည့် ကာ လ၊ Judson Bible သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သို့ သင်သည်ဝင်စား၍ နေသောအခါ၊ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် ပေးတော်မူသောပြည်ကို သင်သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်သောအခါ |
သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်ကိုသိမ်းပိုက်နေ ထိုင်ကြသောအခါ ပတ်ဝန်းကျင်နိုင်ငံများ နည်းတူဘုရင်တစ်ပါးကိုနန်းတင်လို ကြပေလိမ့်မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-
ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။''
သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။
သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-