တရားဟော 19:10 - Common Language Bible10 ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။'' အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သို့ပြုလျှင် အမွေအဖြစ် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ထဲ၌ အပြစ်မဲ့သောသူသည် အသက်ဆုံးရှုံးရမည်မဟုတ်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်သည်လည်း သင့်အပေါ် ကျရောက်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။