ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။-
တရားဟော 21:14 - Common Language Bible ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။'' Garrad Bible ထို မိန်း မ အား စိတ် ကုန် လျှင်၊ ရှုတ် ချ ခဲ့ သည် ကို ထောက်၍၊ ကျွန် စေ စား ခြင်း၊ ရောင်း ခြင်း မ ပြု ဘဲ အ လို အ လျောက် ထွက် သွား စေ။ Judson Bible နောက်တစ်ဖန် သူ့ကိုမချစ်လျှင်၊ သူ့အလိုအလျောက် သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချသောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် သူ့ကိုမနှစ်သက်တော့လျှင် သူ့ဆန္ဒအတိုင်း သူ့ကိုထွက်သွားခွင့်ပေးရမည်။ သို့သော် သင်သည် သူ့ကိုအသရေညှိုးနွမ်းစေပြီဖြစ်၍ သူ့ကို ငွေဖြင့် လုံးဝမရောင်းရ၊ ကျွန်မပြုရ။ |
ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။-
``အကယ်၍ယောကျာ်းတစ်ဦးတွင်မယားနှစ် ယောက်ရှိလျှင် မယားနှစ်ယောက်စလုံးတွင် သားယောကျာ်းများဖွားမြင်အံ့။ သားဦးသည် သူပို၍ချစ်သောမယား၏သားမဟုတ်။-
ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။
သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။
ဤမှာသူ၏မယားငယ်နှင့်ငါ့ကိုယ်ပိုင်သမီး အပျိုစင်ရှိပါ၏။ သူတို့အားယခုငါထုတ် ပေးပါမည်။ သင်တို့အလိုရှိသလိုပြုကျင့် ကြပါ။ သို့ရာတွင်ငါ၏ဧည့်သည်ကိုမူဤ မျှဆိုးသွမ်းသည့်အမှုကိုမပြုကြပါနှင့်'' ဟုတောင်းပန်၏။-