ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
တရားဟော 2:23 - Common Language Bible ကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။) Garrad Bible ထို အ တူ၊ ဂါ ဇ မြို့ တိုင် အောင် ပင် ရွာ သူ ရွာ သား ဖြစ် သော အာ ဝိ လူ မျိုး တို့ ကို က ရေ တေ ကျွန်း သား တို့ သည် ၎င်း ကျွန်း မှ ထွက် ချီ လျက် ပယ် ရှား ပြီး လျှင်၊ နေ ရာ ကျ ကြ ၏။ Judson Bible ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင်အောင်နေဖူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့နေရာ၌နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့အတူ ဂါဇမြို့တိုင်အောင် ကျေးရွာများ၌ နေထိုင်ကြသောအာဝိလူမျိုးတို့ကို ကတ္တောရကျွန်းမှရောက်လာသော ကတ္တောရိမ်လူမျိုးတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့၏နေရာ၌နေထိုင်ကြ၏။) |
ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
ဖိလိတ္တိပြည်သားတို့ကိုလည်းတိုက်ခိုက်နှိမ်နင်း လေ၏။ ဂါဇမြို့နှင့်ပတ်ဝန်းကျင်နယ်မြေအပါ အဝင်သူတို့နေထိုင်ရာ အငယ်ဆုံးကျေးရွာ မှအကြီးဆုံးမြို့သို့တိုင်အောင်သွားရောက် တိုက်ခိုက်လုယက်လေသည်။
ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
ထာဝရဘုရားက``အို ဣသရေလပြည်သား အပေါင်းတို့၊ ငါသည်သင်တို့ကိုကုရှလူမျိုး နှင့်တန်းတူသဘောထားခဲ့၏။ ငါသည်သင် တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသကဲ့ သို့ ဖိလိတ္တိလူမျိုးကိုကရေတေကျွန်းမှ လည်းကောင်း၊ ရှုရိလူမျိုးကိုတိရပြည် မှလည်းကောင်းထုတ်ဆောင်လာခဲ့၏။-
ဂါဇမြို့တွင်လူတစ်စုံတစ်ယောက်မျှကျန် ရှိလိမ့်မည်မဟုတ်။ အာရှကေလုန်မြို့သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ အာဇုတ် မြို့သားတို့သည်တစ်နေ့ချင်းတွင်အနှင် ခံရကြလျက်ဧကြုန်မြို့သားတို့သည် ထိုမြို့မှထွက်ပြေးရကြလိမ့်မည်။-
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။-
ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။-
နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)
ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-