ဧဒုံစိရတောင်များပေါ်တွင်ဟောရိအမျိုး သားများကိုလည်းကောင်း တိုက်ခိုက်အောင်မြင်၍ တောကန္တာရအစပ်ရှိဧလပါရန်မြို့အထိ လိုက်လံတိုက်ခိုက်လေသည်။-
တရားဟော 2:22 - Common Language Bible ကိုယ်တော်သည်ဧဒုံတောင်ကုန်းဒေသတွင် နေ ထိုင်သောဧသော၏အဆက်အနွယ်များဖြစ် သည့်ဧဒုံအမျိုးသားတို့အတွက်လည်း ထို နည်းတူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟောရိအမျိုးသားများကိုဖယ်ရှားလိုက် သဖြင့် ဧဒုံအမျိုးသားတို့သည်ထိုသူ တို့၏ပြည်ကိုသိမ်းပိုက်၍ ယနေ့တိုင်အောင် ထိုပြည်၌အခြေချနေထိုင်လျက်ရှိ ကြသည်။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား စိရပြည်၌နေထိုင်သောဧသောသားမြေးတို့အတွက် ထာဝရဘုရားသည် ဟောရိလူမျိုးတို့ကို သူတို့ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် သူတို့သည် ဟောရိပြည်ကိုသိမ်းပိုက်ပြီး ထိုပြည်၌ ယနေ့တိုင်အောင် နေထိုင်သကဲ့သို့ပင်ဖြစ်၏။ |
ဧဒုံစိရတောင်များပေါ်တွင်ဟောရိအမျိုး သားများကိုလည်းကောင်း တိုက်ခိုက်အောင်မြင်၍ တောကန္တာရအစပ်ရှိဧလပါရန်မြို့အထိ လိုက်လံတိုက်ခိုက်လေသည်။-
ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။)
သူတို့သည်အာနကလူမျိုးကဲ့သို့အရပ် အမောင်းမြင့်မားသည်။ သူတို့သည်လူဦးရေ များပြား၍ အင်အားကြီးမားသောလူမျိုး ဖြစ်သည်။ သို့ရာတွင်ထာဝရဘုရားသည် သူတို့အားဖယ်ရှားလိုက်သဖြင့် အမ္မုန်အမျိုး သားတို့ကသူတို့၏ပြည်ကိုသိမ်းပိုက်၍ အခြေချနေထိုင်ကြသည်။-
သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-