Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 14:6 - Common Language Bible

6 ဧ​ဒုံ​စိ​ရ​တောင်​များ​ပေါ်​တွင်​ဟော​ရိ​အ​မျိုး သား​များ​ကို​လည်း​ကောင်း တိုက်​ခိုက်​အောင်​မြင်​၍ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​လ​ပါ​ရန်​မြို့​အ​ထိ လိုက်​လံ​တိုက်​ခိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 စိ ရ တောင် ပေါ် မှာ ဟော ရိ လူ မျိုး ကို လည်း ကောင်း၊ တော အ နီး ရှိ ဧ လ ပါ ရန် မြို့ တိုင် အောင်၊ လုပ် ကြံ ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 စိ​ရ​တောင်​ပေါ်​မှာ​ဟော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ၍၊ တော​နား​မှာ​ရှိ​သော ဧ​လ​ပါ​ရန်​မြို့​တိုင်​အောင် လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 စိရ​တောင်​ပေါ်၌ ဟောရိ​လူမျိုး​တို့​ကို​လည်းကောင်း တိုက်ခိုက်​ရာ တောကန္တာရ​အနီး​ရှိ ဧလပါရန်​အရပ်​တိုင်အောင်​ရောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 14:6
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-


သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။


ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-


သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။


သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-


သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။


ထို​နောက်​သူ​တို့​သည်​ဟာ​ဇ​ရုတ်​စ​ခန်း​မှ ထွက်​ခွာ​၍ ပါ​ရန်​ဟု​ခေါ်​သော​တော​ကန္တာ​ရ တွင်​စ​ခန်း​ချ​ကြ​လေ​သည်။


မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း အောက်​ဖော်​ပြ​ပါ​ခေါင်း​ဆောင်​တို့​ကို ပါ​ရန်​တော​ကန္တာ​ရ​မှ​စေ​လွှတ်​လိုက်​လေ​သည်။ အ​နွယ် ခေါင်း​ဆောင် ရု​ဗင် ဇက္ကုရ​၏​သား​ရှ​မွာ ရှိ​မောင် ဟော​ရိ​၏​သား​ရှာ​ဖတ် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ဣ​သ​ခါ ယော​သပ်​၏​သား​ဣ​ဂါ​လ ဧ​ဖ​ရိမ် နုန်​၏​သား​သြ​ရှေ ဗင်္ယာ​မိန် ရာ​ဖု​၏​သား​ပါ​တ​လိ ဇာ​ဗု​လုန် သော​ဒိ​၏​သား​ဂါ​ဒျေ​လ မ​နာ​ရှေ သု​သိ​၏​သား​ဂဒ္ဒိ ဒန် ဂေ​မလ္လိ​၏​သား​အ​မျေလ အာ​ရှာ မိက္ခေလ​၏​သား​သေ​သု​ရ န​ဿ​လိ ဝါ​ဖ​သိ​၏​သား​နာ​ဘိ ဂဒ် မာ​ခိ​၏​သား​ဂွေ​လ


ရှေး​အ​ခါ​က​ဧ​ဒုံ​ပြည်​တွင်​ဟော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ခဲ့​ကြ​သော်​လည်း နောင်​အ​ခါ ၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​ပြည်​မှ ရန်​သူ​များ ကို​မောင်း​ထုတ်​သ​ကဲ့​သို့ ဧ​သော​၏​အ​ဆက် အ​နွယ်​တို့​သည်​ထို​သူ​တို့​ကို​မောင်း​ထုတ် ပြီး​လျှင် ထို​အ​ရပ်​၌​အ​ခြေ​ချ​နေ​ထိုင် ကြ​သည်။)


ကိုယ်​တော်​သည်​ဧဒုံ​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် သည့်​ဧ​ဒုံ​အ​မျိုး​သား​တို့​အ​တွက်​လည်း ထို နည်း​တူ​ပြု​တော်​မူ​ခဲ့​သည်။ ကိုယ်​တော်​သည် ဟော​ရိ​အ​မျိုး​သား​များ​ကို​ဖယ်​ရှား​လိုက် သ​ဖြင့် ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ထို​သူ တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ ယ​နေ့​တိုင်​အောင် ထို​ပြည်​၌​အ​ခြေ​ချ​နေ​ထိုင်​လျက်​ရှိ ကြ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ