တရားဟော 2:21 - Common Language Bible21 သူတို့သည်အာနကလူမျိုးကဲ့သို့အရပ် အမောင်းမြင့်မားသည်။ သူတို့သည်လူဦးရေ များပြား၍ အင်အားကြီးမားသောလူမျိုး ဖြစ်သည်။ သို့ရာတွင်ထာဝရဘုရားသည် သူတို့အားဖယ်ရှားလိုက်သဖြင့် အမ္မုန်အမျိုး သားတို့ကသူတို့၏ပြည်ကိုသိမ်းပိုက်၍ အခြေချနေထိုင်ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible21-22 ထို လူ မျိုး သည်၊ အာ န က လူ မျိုး နှင့် အ မျှ၊ အ ရပ် အ မောင်း ကြီး မြင့် များ ပြား သော် လည်း စိ ရ တောင် တွင် နေ ထိုင် သော ဧ သော့ အ မျိုး သား တို့ ရှေ့၊ ဟော ရိ လူ မျိုး ကို ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ သည့် အ တိုင်း၊ ပြည် ကို အ ပိုင် ရ လျက် ယ ခု တိုင် အောင် နေ ရာ ကျ ကြ သည့် နည်း တူ၊ ဆို ခဲ့ သော လူ မျိုး ကို လည်း၊ အ မ္မုန် အ မျိုး သား တို့ ရှေ့ ပယ် ရှား တော် မူ သည့် အ လျောက်၊ ပြည် ကို အ ပိုင် ရ လျက် နေ ရာ ကျ ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible21-22 ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရပြည်၌နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့ရှေ့မှာ ဇံဇုမ္မိမ်လူတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည် နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုလူမျိုးတို့သည် အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြား၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို အမ္မုန်အမျိုးသားတို့၏ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် အမ္မုန်အမျိုးသားတို့သည် သူတို့ပြည်ကို သိမ်းပိုက်၍ သူတို့နေရာ၌ နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ကိုယ်တော်သည်ဧဒုံတောင်ကုန်းဒေသတွင် နေ ထိုင်သောဧသော၏အဆက်အနွယ်များဖြစ် သည့်ဧဒုံအမျိုးသားတို့အတွက်လည်း ထို နည်းတူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟောရိအမျိုးသားများကိုဖယ်ရှားလိုက် သဖြင့် ဧဒုံအမျိုးသားတို့သည်ထိုသူ တို့၏ပြည်ကိုသိမ်းပိုက်၍ ယနေ့တိုင်အောင် ထိုပြည်၌အခြေချနေထိုင်လျက်ရှိ ကြသည်။-
ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။