အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
တရားဟော 18:6 - Common Language Bible ``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊- Garrad Bible လေ ဝိ ဂိုဏ်း သား တစ် ဦး သည်၊ ဣ သ ရေ လ ပြည် တစ် ဝှမ်း လုံး အ တွင်း သိ တင်း သုံး ရာ မြို့ များ မှ ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န သို့၊ စိတ် ရော ကိုယ် ပါ ရောက် လာ လျှင်၊ Judson Bible ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသားတစ်စုံတစ်ယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတစ်စုံတစ်ယောက်သည် သူနေထိုင်သော အစ္စရေးမြို့တစ်မြို့မှ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ စိတ်အားထက်သန်စွာဖြင့် လာ၍ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
ထာဝရဘုရားအားငါတောင်းလျှောက်လို သောဆု၊ ငါလိုချင်တောင့်တသောဆုတစ်ခုတည်းရှိ၏။ ထိုဆုကားဘုရားသခင်၏အိမ်တော်တွင် တစ်သက်လုံးနေရ၍ကျေးဇူးတော်ကို ချီးမွမ်းအံ့သြလျက် ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံနိုင်ခွင့် ပင်ဖြစ်၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည် အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။ ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည် သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။
ကိုယ်တော်ရှင်၏ထံတော်မှခွန်အားစွမ်းရည်ကို ခံယူရရှိသောသူတို့သည်မင်္ဂလာရှိကြပါ၏။ သူတို့သည်ဇိအုန်တောင်တော်သို့ခရီးပြုရန် စိတ်ထက်သန်ကြပါ၏။
ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-
ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-
အသင်းတော်၏ခေါင်းဆောင်ဖြစ်ရန်မျှော်မှန်း သူသည်မွန်မြတ်သည့်အမှုအရာကိုလို လားတောင့်တသူဖြစ်၏ဟူသောစကား သည်မှန်ပေ၏။-
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-