``ခုနစ်နှစ်လျှင်တစ်ကြိမ်မြီရှင်တို့သည် မြီစား တို့ထံမှရရှိရန်ရှိသောအကြွေးရှိသမျှ ကို သင်ပုန်းချေပယ်ပစ်ရမည်။-
ခု နစ် နှစ် လျှင် တစ် ကြိမ် လည်း လွတ် ငြိမ်း ခြင်း ပြု ကြ ရ မည့် နည်း ဟူ မူ ကား၊ ထာ ဝ ရ ဘု ရား ကို ထောက်၍ လွတ် ငြိမ်း စေ ဟု ကြော် ငြာ ပြီး သော ကြောင့် မြီ ရှင် ဟူ သမျှ သည် အ ပေါင်း အ ဖော် ဆွေ မျိုး သား ချင်း တို့ ထံ၊ ချေး ငှါး ရာ ကို မ တောင်း မ ယူ ဘဲ၊ လွတ် ငြိမ်း စေ ရ မည်။
ခုနစ်နှစ်တစ်ခါ လွှတ်ခြင်းကို ပြုရမည်။
ခုနစ်နှစ်ပြည့်သောအခါတိုင်း အကြွေးလျှော်ပစ်ခြင်းကို ပြုရမည်။
ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။
ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။-
သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-
အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။-
အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။-
ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-