လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
တရားဟော 12:8 - Common Language Bible ``သင်တို့သည်ကတိထားတော်မူသောပြည် သို့ဝင်ရောက်သည့်အခါ ထာဝရဘုရားအား ကိုးကွယ်ရာတွင် ယခင်ကလိုက်နာကျင့်သုံး ခဲ့သည့်နည်းအတိုင်းမကိုးကွယ်နှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားပေးတော် မူသောပြည်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် ကာလမရောက်သေးမီ၊- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ရန် ငြိမ်း ရာ ပိုင် စု သို့၊ မ ဝင် ရောက် သေး သည့် အ တွက် ကိုယ့် အလို ရှိ ရာ လူ တိုင်း လိုက် လျက်၊ ဤ နေ ရာ တွင် ငါ တို့ ပြု လေ့ ရှိ သည့် အ လျောက် မ ပြု မ ကျင့် ကြ ရ။ Judson Bible ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဉာဏ်ကိုလိုက်၍ မပြုရကြ။ မြန်မာ့စံမီသမ္မာကျမ်း လူတိုင်း မိမိမှန်သည်ဟု ထင်သောအရာရှိသမျှကိုပြုတတ်ကြ၏။ ယနေ့ ဤနေရာ၌ ငါတို့ပြုသမျှအတိုင်း သင်တို့မပြုရ။ |
လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။-
သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
ထိုနောက်ယောရှုသည်လူအပေါင်းတို့အား``လာ ကြ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကိုနားထောင်ကြလော့။-
ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။