အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
တရားဟော 11:7 - Common Language Bible ထို့ကြောင့်ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်အမှုတော်များကို သင်တို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြပြီ။'' Judson Bible ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။ |
အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။
ကိုယ်တော်ပြုတော်မူသည့်မဟာ အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။ အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
ရုဗင်အနွယ်ဝင်ဧလျာဘ၏သားများဖြစ်ကြ သော ဒါသန်နှင့်အဘိရံတို့အားမည်ကဲ့သို့ စီရင်တော်မူသည်ကိုသင်တို့သတိရကြမည်။ လူအပေါင်းတို့၏မျက်မှောက်တွင်သူတို့သည် သူတို့၏မိသားစုများ၊ တဲများ၊ အစေခံ များ၊ တိရစ္ဆာန်များနှင့်တကွမြေမျိုခြင်း ခံရ၏။-
``ယနေ့သင်တို့အားငါမှာကြားသမျှသော ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ သို့မှသာ လျှင်သင်တို့သည် တစ်ဖက်ကမ်းရှိပြည်ကိုဝင် ရောက်သိမ်းပိုက်နိုင်လိမ့်မည်။-
သို့ဖြစ်၍ကိုယ်တော်၏စကားကိုနားထောင် လျက် သင်တို့အားငါတို့ယနေ့ဆင့်ဆိုသော ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းကြ လော့'' ဟုမှာကြားကြ၏။
မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊-
ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။