ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
တရားဟော 11:3 - Common Language Bible နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။- Judson Bible ထူးဆန်းသောတန်ခိုးတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် ပြည်သူပြည်သားများတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၌ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့်တကွ သူ၏ပြည်သူပြည်သားတစ်ရပ်လုံးကို နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများပြတော်မူခဲ့ပုံနှင့် |
ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-