အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။
တရားဟော 10:2 - Common Language Bible သင့်ကြောင့်ကျိုးပဲ့ခဲ့သောကျောက်ပြားများ ပေါ်တွင် ငါရေးခဲ့သောပညတ်တော်များကို ဤ ကျောက်ပြားများပေါ်တွင်ငါရေးမည်။ သင်သည် ထိုကျောက်ပြားများကို သေတ္တာတော်ထဲတွင် ထည့်ထားရမည်' ဟုမိန့်တော်မူ၏။'' Garrad Bible သင် ချိုး ဖဲ့ သော အ ထက် ကျောက် ပြား၌ ပါ သည့် မူ အ တိုင်း ငါ ရေး တင် ပြီး မှ၊ သေ တ္တာ တော် တွင် ထည့် လော့ ဟု ငါ့ အား မိန့် တော် မူ သည် နှင့် အ ညီ၊ Judson Bible သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာထားရမည်ဟု ငါ့အားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်ချိုးဖဲ့လိုက်သောယခင်ကျောက်ပြား၌ ပါရှိသောပညတ်တော်များကို ထိုကျောက်ပြားနှစ်ချပ်ပေါ်၌ ငါရေးမည်။ သင်သည် ထိုကျောက်ပြားတို့ကို သေတ္တာထဲတွင် ထည့်ရမည်’ဟု မိန့်တော်မူ၏။ |
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။
ပဋိညာဉ်သေတ္တာတော်အတွင်း၌ပညတ်တော် ကျောက်ပြားနှစ်ချပ်မှတစ်ပါးအခြားအဘယ် အရာမျှမရှိ။ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့ထွက်ခွာလာချိန်၌ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူစဉ်အခါက မောရှေ သည်ထိုကျောက်ပြားများကိုပဋိညာဉ်သေတ္တာ တော်တွင်ထားခဲ့သတည်း။
မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
ထို့နောက်ငါသည်တောင်ပေါ်မှပြန်ဆင်းခဲ့၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ငါသည်ထိုကျောက်ပြားများကိုငါပြုလုပ် သောသေတ္တာတော်ထဲတွင်ထည့်ထားသည်ဖြစ် ရာ ထိုကျောက်ပြားများသည်ယနေ့တိုင် အောင်သေတ္တာတော်ထဲ၌ရှိသတည်း။''
ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-