သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
ရှေ့ ဆောင်၍ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ မျက် မှောက် တွင်၊ အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ဒိ ဋ္ဌ ဖြစ် သည့် အ တိုင်း၊ ဤ နေ ရာ သို့ မ ရောက် မ ချင်း သွား ရာ ခ ရီး တစ် လျှောက်၊ သား ကို အ ဘ ချီ ပိုက် သည့် နည်း တူ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ချီ ပိုက် တော် မူ ရာ၊ ဤ သဲ တော ၌ လည်း ကောင်း၊ စီ ရင် တော် မူ ခဲ့ သည့် အ လျောက် သင် တို့ အ ဖို့ စစ် တိုက် တော် မူ လိမ့် မည် ဟု ဆို ရာ၌
သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌လည်းကောင်း၊
သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊
သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
ဘေးအန္တရာယ်အချက်ပေးတံပိုးခရာမှုတ် သံကိုကြားလျှင် သင်တို့သည်ငါ့ထံသို့လာ ရောက်စုရုံးကြလော့။ ငါတို့၏ဘုရားသခင် သည်ငါတို့ဘက်မှနေ၍တိုက်ခိုက်တော်မူ လိမ့်မည်'' ဟုမှာကြားထား၏။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။-
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
မကွဲမကွာစေသည်သာမကငါတို့သည်ထို အတွေ့အကြုံခပ်သိမ်းတို့နှင့်ဆိုင်ရာတွင် ငါ တို့ကိုချစ်တော်မူသောအရှင်အားဖြင့်အထူး အောင်မြင်လျက်ရှိကြ၏။-
``ထိုအခါ ငါကသင်တို့အား`ထိုသူတို့ကို မကြောက်ကြနှင့်။-
နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။-
မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌စစ်ကူတိုက်မည်ဖြစ်သောကြောင့် သူတို့ကိုမကြောက်နှင့်' ဟူ၍မှာကြား၏။''
သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုရှေ့ဆောင်၍ထိုပြည်တွင်နေထိုင် သောလူမျိုးတို့ကိုသုတ်သင်ပယ်ရှင်းသဖြင့် သင်တို့သည်သူတို့၏ပြည်ကိုသိမ်းယူနိုင် ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းယောရှုသည်သင်တို့ကိုခေါင်းဆောင် လိမ့်မည်။-
ထာဝရဘုရား၏စေလွှတ်ချက်အရမောရှေ သည် အီဂျစ်ပြည်ဘုရင်၊ မှူးမတ်များနှင့်ပြည်သူ အပေါင်းတို့ရှေ့တွင် အခြားမည်သည့်ပရောဖက် မျှမပြဘူးသောအံ့သြဖွယ်ရာများနှင့် နိမိတ် လက္ခဏာများကိုပြခဲ့လေသည်။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
သူတို့ကိုမကြောက်နှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည် ဘုရင်နှင့်ပြည်သူပြည်သားအပေါင်းတို့ အား မည်ကဲ့သို့စီရင်တော်မူခဲ့ကြောင်း ကိုသတိရကြလော့။-
ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အကျိုးအတွက်ဤနိုင်ငံ အပေါင်းတို့ကိုမည်ကဲ့သို့နှိမ်နင်းတော် မူခဲ့ကြောင်းသင်တို့တွေ့မြင်ရကြပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ဘက်မှစစ်ကူတိုက်တော်မူ ခဲ့၏။-