၂ ရာချုပ် 32:8 - Common Language Bible8 သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ထို မင်း ဘက် မှာ၊ လူ့ လက် ရုံး ရည် မျှ သာ ရှိ၏။ ငါ တို့ ဘက် မှာ မူ၊ စစ် ရေး ကို ကူ ညီ သော ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် ဟု၊ အား ပေး မြွက် ဆို သော အ ခါ၊ မြို့ သား တို့ သည်၊ ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း မိန့် ဆို ချက် ကို ကိုး စား ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible8 သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့သည် ယုဒရှင်ဘုရင်ဟေဇကိ၏စကားကို ကိုးစားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-
သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-