တရားဟော 31:3 - Common Language Bible3 သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုရှေ့ဆောင်၍ထိုပြည်တွင်နေထိုင် သောလူမျိုးတို့ကိုသုတ်သင်ပယ်ရှင်းသဖြင့် သင်တို့သည်သူတို့၏ပြည်ကိုသိမ်းယူနိုင် ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းယောရှုသည်သင်တို့ကိုခေါင်းဆောင် လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဦး ဆောင် ကူး ကြွ လျက်၊ တိုက် ယူ ခွင့် ကို သင် တို့ ရ ကြ အံ့ သော ငှါ၊ ထို လူ မျိုး ခြား တို့ ကို ပယ် ရှား တော် မူ လိမ့် မည်။ ယော ရှု လည်း၊ ထာ ဝ ရ ဘု ရား က တိ တော် အ တိုင်း ဦး တည် ကူး ချီ ရာ၊ ထာ ဝ ရ ဘု ရား သည် အခန်းကိုကြည့်ပါ။Judson Bible3 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့်မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည်လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှကူးသွားတော်မူမည်။ ထိုလူမျိုးတို့ကို သင့်ရှေ့မှ ဖျက်ဆီးတော်မူသဖြင့် သင်သည် သူတို့ကိုနှင်ထုတ်လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည်လည်း သင်တို့ရှေ့မှကူးသွားမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''