အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
တရားဟော 1:11 - Common Language Bible သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားအဆပေါင်းတစ်ထောင် တိုးပွားများပြားပါစေသော။ ကတိတော်ရှိ သည့်အတိုင်းကောင်းချီးပေးတော်မူပါစေ သော။- Garrad Bible သင် တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် က တိ ထား တော် မူ သည့် အ တိုင်း ကောင်း ကြီး မင်္ဂ လာ ပေး လျက် အ ဆ တစ် ထောင် တိုး ပွား အောင် ပြု တော် မူ ပါ စေ သော။ Judson Bible သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေတော်မူပါစေသော။ ကတိတော်ရှိသည်အတိုင်း ကောင်းချီးပေးတော်မူပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆတစ်ထောင်တိုးပွားစေတော်မူပါစေသော။ ကတိထားတော်မူသည့်အတိုင်း သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ |
အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
သင့်အဖ၏ဘုရားသခင်သည်သင့်ကိုကူမလျက် ရှိတော်မူ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်အား ကောင်းကင်မှကျသောမိုးရေ၊မြေအောက်မှ စီးထွက်သောရေကိုလည်းကောင်း၊ သိုးနွားများနှင့်သားသမီးရတနာကို လည်းကောင်း ပေးတော်မူပါစေ၊
သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-
ယွာဘက``ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အား ယခုထက်အဆတစ်ရာ ပိုမိုတိုးပွားအောင်ပြုတော်မူပါစေသော။ အရှင်မင်းကြီး၊ သူတို့အပေါင်းသည်ကိုယ် တော်ရှင်၏အစေခံများဖြစ်ကြပါ၏။ ဣသရေလအမျိုးသားတစ်ရပ်လုံးအပြစ် ရကြစေရန် အဘယ်ကြောင့်ဤအမှုကို ပြုတော်မူပါသနည်း'' ဟုလျှောက်ထား၏။-
ထာဝရဘုရားသည်သင်တို့နှင့် သင်တို့၏သားမြေးတို့အားသားသမီးများကို ပေးတော်မူပါစေသော။
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။
ဘုရားသခင်ကဗာလမ်အား``သင်သည်ဤ သူတို့နှင့်အတူမလိုက်သွားရ။ ဣသရေလ အမျိုးသားတို့သည် ငါ၏ကောင်းချီးမင်္ဂလာ ကိုခံရသောသူများဖြစ်သဖြင့်သူတို့ ကိုမကျိန်ဆဲရ'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-
သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''
သင်တို့သည်မိုးကောင်းကင်ရှိကြယ်များ ကဲ့သို့ အရေအတွက်များပြားကြသော် လည်း ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုမနာခံသောကြောင့် လူ နည်းစုမျှလောက်သာအသက်ရှင်၍ကြွင်း ကျန်လိမ့်မည်။-