သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။
တရားဟော 1:1 - Common Language Bible ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။- Garrad Bible ယော် ဒန် မြစ် တစ် ဘက်၊ အ ရာ ဗာ ချိုင့်၊ သဲ တော ရှိ သု ဖ မြို့ ရင် ဆိုင်၊ ပါ ရန် မြို့ နှင့် တော ဖေ လ၊ လာ ဗန်၊ ဟာ ဇ ရုတ်၊ ဒိ ဇ ဟပ် မြို့ များ စပ် ကြား တွင် ဣ သ ရေ လ တစ် မျိုး လုံး အား မော ရှေ ဆင့် ဆို ချက် များ အ ကြောင်း၊ Judson Bible တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့တစ်ဖက်၊ ပါရန်မြို့၊ တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရလေသည်မှာ၊ မြန်မာ့စံမီသမ္မာကျမ်း ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။ |
သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။
သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
သူတို့သည်ထိုအရပ်မှခရီးဆက်ကြ၍ ဟာဇရုတ်အရပ်သို့ရောက်လျှင်စခန်းချ ကြလေသည်။
ထိုနောက်သူတို့သည်ဟာဇရုတ်စခန်းမှ ထွက်ခွာ၍ ပါရန်ဟုခေါ်သောတောကန္တာရ တွင်စခန်းချကြလေသည်။
မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-
မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
ယော်ဒန်မြစ်အရှေ့ဘက်တွင်အကျွန်ုပ်တို့ အားနယ်မြေဝေစုပေးထားပြီးဖြစ်သဖြင့် အနောက်ဘက်ကမ်းတွင်နယ်မြေဝေစုကို ထပ်မံ၍မတောင်းဆိုပါ'' ဟူ၍လျှောက် ထားကြ၏။
အကျွန်ုပ်တို့သည်ယော်ဒန်မြစ်အရှေ့ဘက် ရှိပြည်ကိုအပိုင်ရနိုင်ရန် ထာဝရဘုရား ၏ရှေ့ဆောင်မှုကိုနာခံလျက် ခါနာန်ပြည် ဘက်သို့ကူး၍စစ်ချီတိုက်ခိုက်ပါမည်'' ဟုလျှောက်ထားကြလေသည်။
သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။-
ထို့နောက်မောရှေနှင့်ဣသရေလအမျိုး သားခေါင်းဆောင်များက လူအပေါင်းတို့ အား``သင်တို့အားငါယနေ့ပေးမည့်ညွှန် ကြားချက်ရှိသမျှတို့ကိုလိုက်နာကြ လော့။-
သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-
ရှမွေလကွယ်လွန်သွားသဖြင့် ဣသရေလ အမျိုးသားအပေါင်းတို့သည်လာရောက်စု ဝေးလျက်ငိုကြွေးမြည်တမ်းကြ၏။ ထိုနောက် သူ့အားရာမမြို့နေအိမ်တွင်သင်္ဂြိုဟ်လိုက် ကြ၏။ ယင်းသို့သင်္ဂြိုဟ်ပြီးသောအခါဒါဝိဒ်သည် ပါရန်တောကန္တာရသို့ထွက်ခွာသွားလေ သည်။-