တရားဟော 27:1 - Common Language Bible1 ထို့နောက်မောရှေနှင့်ဣသရေလအမျိုး သားခေါင်းဆောင်များက လူအပေါင်းတို့ အား``သင်တို့အားငါယနေ့ပေးမည့်ညွှန် ကြားချက်ရှိသမျှတို့ကိုလိုက်နာကြ လော့။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို နောက် ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ၊ မော ရှေ သည် လူ မျိုး တို့ အား မှာ ထား သည် ကား၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် ကို စောင့် ရှောက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကိုမှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် မောရှေနှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည် လူတို့အား “ယနေ့ သင်တို့အား ငါမှာကြားသည့် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းလော့။ အခန်းကိုကြည့်ပါ။ |
ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
``သို့ဖြစ်၍သင်တို့အား ငါသည်ဘုရားသခင်၏လူပရိတ်သတ်ရှေ့တော်၌လည်း ကောင်း၊ ကိုယ်တော်၏လူမျိုးတော်တည်း ဟူသော ဣသရေလအမျိုးသားလူထု ကြီး၏ရှေ့၌လည်းကောင်း၊ သင်တို့အား တာဝန်ပေးအပ်ပါ၏။ သင်တို့သည်ငါ တို့ဘုရားသခင်ထာဝရဘုရားပညတ် တော်မူသမျှတို့ကို တိကျစွာလိုက်နာ ကြလော့။ သို့မှသာလျှင်သင်တို့သည် ဤပြည်ကောင်းပြည်မြတ်ကိုဆက်လက် ပိုင်ဆိုင်ရကြလျက် မိမိတို့၏သားမြေး အားအဆက်မပြတ်လွှဲပြောင်းပေး အပ်နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။