တောလည် 9:5 - Common Language Bible သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။ Garrad Bible ပ ထ မ လ ဆယ့် လေး ရက် ညဉ့် ဦး ယံ၌ သိ နာ တော တွင် ပ သ ခါ ပွဲ ကို မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ၍ ကျင်း ပ ကြ ၏။ Judson Bible သိန်တောတွင် ပထမလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်တွင် သိနာတောကန္တာရ၌ ပသခါပွဲတော်ကို ကျင်းပပြုလုပ်ကြ၏။ |
ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။-
ထာဝရဘုရားသည်မောရှေအားအမိန့်ပေးတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည်လိုက်နာဆောင်ရွက်ကြ၏။
သို့ဖြစ်၍မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှကို ဣသရေလအမျိုး သားတို့အားကြားပြောလေ၏။
သို့ဖြစ်၍မောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား မိန့်မှာတော်မူသည်အတိုင်း လေဝိအနွယ်ဝင် တို့ကိုဆက်ကပ်ကြ၏။-
သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုးသားတို့အား ပသခါပွဲတော်ကိုကျင်းပရန်ဆင့်ဆိုသည့်အတိုင်း၊-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည်ကောင်း ကင်မှရရှိသည့်ဗျာဒိတ်ရူပါရုံကိုမလွန်ဆန် နိုင်ပါ။ `သင်တို့သည်နောင်တရ၍ဘုရားသခင် ထံပြောင်းလဲရကြမည်။ နောင်တနှင့်လျော်ကန် သည့်အကျင့်ကိုကျင့်ရကြမည်' ဟု၊-
ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-
မောရှေသည်အစေခံအနေဖြင့်ဘုရား သခင်၏အိမ်တော်တွင်သစ္စာစောင့်လျက် အနာ ဂတ်ကာလ၌ကိုယ်တော်မိန့်ကြားတော်မူ မည့်အရာများကိုပြောကြားပေသည်။-
ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-