တောလည် 8:20 - Common Language Bible20 သို့ဖြစ်၍မောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား မိန့်မှာတော်မူသည်အတိုင်း လေဝိအနွယ်ဝင် တို့ကိုဆက်ကပ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 မော ရှေ နှင့် အာ ရုန် မှ စ၍ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် လေ ဝိ အ နွယ် သား တို့၌ ပြု ကြ ၏။ သူ တို့ နှင့် စပ် လျဉ်း ၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ပင် ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်အစရှိသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကိုပြုကြလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထိုသို့ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် လေဝိအမျိုးတို့အား ပြုကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။